နောင်ချို   ၂၂ မေ

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဆောင်ရွက်သည့် ကိုဗစ်-၁၉ ကာလအတွင်း အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး (Home Gardening) အကောင်အထည် ဖော်ရန်အတွက် မျိုးစေ့၊ ပျိုးပင်၊  မြေသြဇာထုပ်များ အခမဲ့ဖြန့်ဝေထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖြန့်ဝေထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နှင့် ဌာနဆိုင်ရာများ  တက်ရောက်ခဲ့ကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းများက  မိမိတို့ နေအိမ်ဝန်းအတွင်း စိုက်ပျိုးနိုင်ရန် မျိုးစေ့ ၇၅၈ ထုပ်၊  ပျိုးပင် ၂၂၅၀၀ ကို  အိမ်ထောင်စုပေါင်း ၃၇၉ စုအား ဖြန့်ဝေနိုင်ခဲ့ကြောင်း သိရသည်။

ထွေးငယ်၊နောင်ချို၊ ပြန်/ဆက်