နောင်ချို ၃၀ ဇူလိုင်
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးလင်းအောင်နှင့် တာဝန်ရှိသူများမှ နောင်ချိုမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၄၁ စုမှ အိမ်ထောင်စု (၄၉၇၅) စုအတွက် အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၉၉၅)သိန်းကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)