နောင်ချို ဧပြီ ၂၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4၊ B.5 ရောဂါပိုး ကြိုတင်ကာကွယ် နိုင်စေရန် ရည်ရွယ်၍  ယနေ့ နံနက် ၁၀ နာရီက နောင်ချိုမြို့ ဈေးရပ်ကွက်၊ နယ်မြေ(၅)တွင် လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ အိမ်အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို  နည်းစနစ်မှန်ကန်စွာ တပ်ဆင်ကြရန်၊ အသုံးပြုပြီးသော(Mask)များကို စနစ်တကျစွန့်ပစ်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးကြရန် မိမိတို့၏ နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာဆပ်ပြာဖြင့် သေချာစွာဆေးကြောကြရန်၊ တတ်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက် ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန် Hand Speaker ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)