နောင်ချို၊ ၂၃ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ (၃၉)ဦးထိရှိလာကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် Rapid Test ဖြင့် စစ်ဆေးလျက်ရှိရာ ဇွန် ၂၂ ရက်တွင် လူဦးရေ ၈၈ ဦးကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၅)ဦး ထပ်မံတွေ့ရှိခဲ့သည်။
နောင်ချိုမြို့နယ်တွင် ဇွန် ၁၉ ရက်မှ ဇွန် ၂၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ (၃၉)ဦးထိ ရှိလာခဲ့ရာ အဆိုပါ ပိုးတွေ့လူနာများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကြပ်မတ်ကုသနိုင်ရန် သီးခြားဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ကျန်းမာရေးစိစစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)


