နောင်ချို    အောက်တိုဘာ    ၁၃   

           

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ အတည်ပြုလူနာ (၃၆၉၄)ဦး ထိရှိလာပြီး (၃၃၃၂) ဦး ဆေးရုံ ဆင်းခွင့် ရရှိပြီးကြောင်း မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများကို ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ကြပြီး ကျန်ရှိဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

ယမန်နေ့ကလူပုဂ္ဂိုလ်(၇၉)ဦးကို စစ်ဆေးခဲ့ရာ(၂၇)ဦးတို့တွင် ရောဂါးပိုးတွေ့ရှိခဲ့ပြီး နောင်ချိုမြို့နယ် အနေဖြင့် အောက်တိုဘာလ (၁၂)ရက်နေ့ထိ အတည်ပြုလူနာ(၃၆၉၄)ဦး၊ သေဆုံးသူ(၄၄)ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ (၃၃၃၂)ဦး၊ ကုသမှုခံယူနေဆဲ(၃၁၈)ဦး ရှိကြောင်း၊ ပိုးတွေ့လူနာများ၏ နေအိမ်ပတ်ဝန်းကျင်များအား အသွားအလာ ကန့်သတ်ထားရှိ၍ လူမှုရေးအသင်းအဖွဲ့များမှ ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါအမြန်ဆုံး ကွင်းဆက်ပြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများ အရောက်ကွင်းဆင်း စစ်ဆေးမှုများဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

                                                                                   

ထွေးငယ်(ပြန်/ဆက်)