နောင်ချို အောက်တိုဘာ ၃၀ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၂၉ ရက်အထိ အတည်ပြုလူနာ (၄၀၈၆)ဦး ထိရှိလာပြီး (၃၈၇၉) ဦး ဆေးရုံဆင်းခွင့် ရရှိပြီးကြောင်း မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်း မာရေးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိသူများ နှင့်ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများကို ရှာဖွေဖော်ထုတ်စစ်ဆေးခဲ့ကြပြီး ကျန်ရှိဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၂၉ ရက်က ပြည်သူ(၇၈)ဦးကို စစ်ဆေးခဲ့ရာ(၁၅)ဦးတို့တွင် ရောဂါးပိုးတွေ့ရှိခဲ့ပြီး နောင်ချိုမြို့နယ်အနေဖြင့် အောက်တိုဘာ ၃၀ ရက်ထိ အတည်ပြုလူနာ(၄၀၈၆)ဦး၊ သေဆုံးသူ(၅၃)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၈၇၉)ဦး၊ ကုသမှုခံယူနေဆဲ(၁၅၄)ဦး ရှိကြောင်း၊ ပိုးတွေ့လူနာများ၏ နေအိမ်ပတ်ဝန်းကျင်များအား အသွား အလာ ကန့်သတ်ထားရှိ၍ လူမှုရေးအသင်းအဖွဲ့များက ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါ အမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများ အရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

ထွေးငယ်၊(ပြန်/ဆက်)