နောင်ချို ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အရွယ် ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့က နောင်ချိုမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ဆက်လက်တိုက် ကျွေးထိုးနှံမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းကို နောင်ချိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စန်းဦး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရို တာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် ၊အသားဝါ(ဘီ)စသည့်ရောဂါကာကွယ်ဆေးများကိုတိုက်ကျွေးထိုးနှံပေးပြီး၊ ကလေးငယ်များအား အပူချိန်တိုင်း တာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ လစဉ်ပုံမှန်ကာကွယ်ဆေးကို လဆန်း (၁) ရက်နေ့မှ (၃) ရက်နေ့ထိ တိုက်ကျွေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)