နောင်ချို မေ ၂                                                                                       

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

 

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖတ်ပရိသတ်များ အသိပညာ ဗဟုသုတ တိုးပွားစေရေး၊  စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပျောက်ပျက်မသွားစေရေး ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ စာအုပ်များကို သွားရောက်ငှားရမ်းပေးခဲ့ကြသည်။ အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)