နေပြည်တော် ၈ ဒီဇင်ဘာ

 

နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းသတင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ည ၇ နာရီခန့်တွင် မူဆယ် - မန္တလေးသွား ကားလမ်း၊ နောင်ချိုမြို့ အိုရီယမ်တယ် တိုးဂိတ်တွင် သီပေါမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မျိုးသူကျော်(ခ)မျိုးသူ မောင်းနှင်လာသည့် TOYOTA DYNA အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄၄ သန်း သိမ်းဆည်းရမိခဲ့သဖြင့် မျိုးသူကျော် (ခ) မျိုးသူကို ဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း ဖော်ပြထားသည်။ 

 

သတင်းစဉ်