နောင်ချို ဩဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ ဂေါ်ရခါးလူမှုကူညီရေးအသင်းမှ စားဝတ်နေရေးအခက်အခဲ ဖြစ်နေသော အိမ်ခြေ (၁၂၀)အား ဆန်၊ ဆီနှင့်စားသောက်ကုန်များကို ဩဂုတ် ၂၃ ရက် ပေးဝေခဲ့ကြောင်း ဂေါ်ရခါးလူမှု ကူညီရေးအသင်းထံမှ သိရသည်။
ထိုသို့ပေးဝေနိုင်ရန် အလှူရှင် ဦးပွန်နော်ပါရာကာစ်+ဒေါ်ဟိုမာကလား မိသားစု၊ အလှူရှင်အသီးသီးတို့ နှင့်ဂေါ်ရခါးလူမှုကူညီရေးအသင်းတို့မှ ဆန်(၂၆) အိတ်၊ ဆီဘူး (၁၂၀)၊ ကုလားပဲပိဿာ (၆၀)၊ ပဲကြာဇံ (၁၂၀)ထုပ်၊ အသားတု (၁၂၀)ထုပ်၊ ကြက်ဥအလုံးရေ (၁၅၀၀၀)နှင့် ငွေသား ကျပ် ၁၂၀၀၀၀ တို့ကို အိမ်ခြေ (၁၂၀)အား ခွဲဝေလှူဒါန်း ပေးခဲ့ပြီး ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲရှိသော မိသားစုဝင်များအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ရစေရန် ရည်ရွယ်၍ ပေးဝေခဲ့ခြင်းဖြစ်ကြောင်း ဂေါ်ရခါးလူမှုကူညီရေးအသင်း ထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)


