နောင်ချို ၁၃  ဇွန်

 

ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် တည်းခိုခန်း များတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ  ဆောင်ရွက်ထားရှိမှုရှိ မရှိကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင်  မြို့နယ်အဆင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ

ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦး​ဌေးလင်းအောင်နှင့် အဖွဲ့ဝင်များက နောင်ချိုမြို့ပေါ်ရှိ   စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင်  ဈေးရောင်းချမှု အခြေအနေများနှင့် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချရာတွင်  ဆိုင်ရှင်များနှင့် ဝန်ထမ်းများမှ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ထားခြင်းရှိ မရှိ၊ စားသုံးသူများလိုက်နာရမည့် စည်းကမ်းချက်များ လိုက်နာမှု ရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။    

 

ဆက်လက်၍ တည်းခိုခန်းများတွင် ကိုယ်ရေးအချက်အလက်များ ရယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မှု ရှိ မရှိတို့ကို စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)