နေပြည်တော်၊ အောက်တိုဘာ ၂၇
နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၁,၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ်တိုးဂိတ် အနီးတွင် Caldina အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် သန်းထိုက်ဦး သယ်ဆောင် လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၇ ကီလို၊ Happy Water သုည ဒသမ ၅၈ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် သန်းထိုက်ဦး(၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)