နောင်ချို ၁၄ အောက်တိုဘာ
ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင်းရှိ တိုင်းရင်းဆေးအရောင်းဆိုင်များတွင် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများအား စျေးကွက်အတွင်းရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံ ဦးပေါင်ခန့်လန်က ဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ နောင်ချိုမြို့ပေါ်ရှိတိုင်းရင်းဆေးအရောင်းဆိုင်များတွင် ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသည့် ကိုဗစ်နိုင် ဆေးလျှက်ဆားနှင့် အများပြည်သူများ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့်ဆေးဝါးများ ဝယ်ယူတင်သွင်းဖြန့်ချိ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေးပြီး စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို ပြန်/ဆက်


