သထုံ ၂၁  မေ 
   

မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားကျေးရွာ အလယ်ရွာတိုက်ကျောင်း၌ ယနေ့ နံနက်ပိုင်းက ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားအခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက လာရောက်၍ တိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကာကွယ်ဆောင်ရွက်ပေးရန်အတွက် ပညာပေးဟောပြောခြင်း၊ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခြင်း အစီအစဉ်များကို ကျင်းပသည် ။

   
ရှေးဦးစွာ ပြည်နယ်ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်၊ ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်တို့က တိုင်းရင်းသားရေးရာကိစ္စရပ်များကို သိရှိလိုက်နာစေရန် အဖွင့်အမှာစကားတွင် အသိပညာပေးပြောကြားသည်။

 
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ခင် က တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒနှင့် Survey ပုံစံများ ဖြည့်စွက်ခြင်းအား ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က တိုင်းရင်းသားလူမျိုးများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်အတွက် ဥပဒေများကို လေးစားလိုက်နာရန် ၊မိဘများက ပညာရေးအတွက် ဆုံးခန်းတိုင်အောင် သင်ကြားပေးကြရန် လည်းကောင်း၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးက လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသော ကိစ္စရပ်များအပြင် လူမျိုးအမည်များ၊ အမျိုးသမီးအခွင့်အရေးအရ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအတွက် မှန်ကန်မျှတစွာ ဆောင်ရွက်နိူင်ရန်အတွက် လည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်များကို ကာကွယ်ရန်အတွက် လည်းကောင်း၊ တိုင်းရင်းသားပြည်သူများက ကျား/မ တန်းတူမခွဲခြားဘဲ လိုအင်ဆန္ဒများကို မိမိကိုယ်တိုင် အချက်အလက်များကို စစ်တမ်းအတွင်း ကူညီပါဝင် ထည့်သွင်းရေးသားကြပါရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည် ။ 


ထို့နောက် တက်ရောက်လာသော တိုင်းရင်းသားပြည်သူများအား စစ်တမ်းမေးခွန်းများ ဝေငှ၍ စစ်တမ်းတွင် ပါဝင်သောအချက်အလက်များတွင် မိမိဆန္ဒအလျှောက် ထည့်သွင်းရေးသားခဲ့ကြောင်း သိရသည် ။
   

အဆိုပါ ဆွေးနွေးပွဲ၌ အခြားလိုအပ်နေသော ဒေသန္တရကိစ္စရပ်များအား ပြည်သူများက မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
         

ခွန်(ဝင်းပ)

 

1