ကာမိုင်း  ၃  နိုဝင်ဘာ  

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နောင်းမီကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်တွင် ဆိုလာပြားနှင့် ဘက်ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး လူနေအိမ်အပေါ်ထပ်တစ်ထပ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နောင်းမီကျေးရွာ၊ ရပ်ကွက်(၄)ရှိ ဦးလမိုင်ယော်၊ အသက်(၄၁)နှစ်၏ နေအိမ်သည် အလျား (၃၀)ပေ၊ အနံ (၂၀)ပေပတ်လည် သွပ်မိုး၊ အပေါ်ထပ်ထရံကာ၊ ပျဉ်ခင်းနှစ်ထပ်ဖြစ်၍ မီးဖိုချောင် ခေါင်မိုးပေါ်တွင် တင်ထားသည့် ဆိုလာပြားနှင့် ဘက်ထရီအားသွင်းထားရာမှ အပူရှိန်လွန်ကဲပြီး အနီးအနားရှိ ထရံသို့ မီးစတင်ကူးစက် လောင်ကျွမ်းခဲ့ရာ နေအိမ်အပေါ်ထပ်တစ်ထပ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်နေရာသို့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမျိုးမြတ်အောင်နှင့် တပ်ဖွဲ့ဝင်များ နောင်းမီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်း၍ မီးငြိှမ်းသတ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များထိခိုက်မှု မရှိကြောင်း ကာမိုင်းနယ်မြေမီးသတ်စခန်း သိရသည်။

ဇွဲသူရအောင် (ပြန်/ဆက်)