နောင်မွန်  ၂၇  အောက်တိုဘာ 

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ(HPV) ရောဂါအကြောင်း အသိပညာပေးခြင်းနှင့်ကာကွယ် ဆေးထိုးနှံခြင်းကို အောက်တိုဘာ (၂၆)ရက် နံနက်(၉)နာရီခန့်က နောင်မွန်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရန်ပိုင်စိုးက ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက် အတွင်းရှိ အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်းမိန်းကလေးငယ်များကို အောက်တိုဘာ (၂၆)ရက်မှ အောက်တိုဘာ (၂၇)ရက်နေ့ထိ သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ ဌာနဆိုင်ရာများနှင့် ကလေးမိဘများ တက်ရောက်ပြီး တက်ရောက်လာသူများမှ သိလိုသည့် မေးခွန်းများအား မေးမြန်းကြရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

 

မြနန်း (ပြန်/ဆက်)