နောင်တရား ၁၆ မေ

လျှပ်စစ်မီးသွယ်တန်းရန်ခက်ခဲသည့် တောင်ပေါ်ဒေသကျေးရွာများ၌ လတ်တလောတွင် လျှပ်စစ်မီးလင်းရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ(၁၇၉)စုံကို မြို့နှင့်ဝေးလံသည့် ကျေးရွာ(၇)ရွာအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မွှေးပြင်ကျေးရွာအုပ်စု မူးယားမြောက် ကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျေးရွာအရောက် သွားရောက်ထောက်ပံ့ခဲ့သည်။

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် super mighty ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ပြီး မွှေးပြင်ကျေးရွာအုပ်စု ခြေနားကျေးရွာတွင် ဆိုလာ(၄၀)စုံ၊ ညောင်ချဉ်မြောက်ကျေးရွာတွင် ဆိုလာ(၂၂)စုံ၊ ညောင်ချဉ်ရှေ့ကျေးရွာတွင် ဆိုလာ (၁၅)စုံ၊ မွှေးပြင်ကျောင်းနားကျေးရွာတွင် ဆိုလာ(၁၇)စုံ၊ မူးယားမြောက်ရွာတွင် ဆိုလာ(၂၃)စုံ၊ ညောင်ချဉ်တောင်ကျေးရွာတွင် ဆိုလာ(၃၇)စုံ၊ မူးယားတောင်ကျေးရွာတွင် ဆိုလာ(၂၅)စုံ စုစုပေါင်း ကျေးရွာ(၇)ရွာရှိ အိမ်ထောင်စုပေါင်း (၁၇၉)စုအတွက် နေရောင်ခြည်စွမ်းအင်သုံးဆိုလာ(၁၇၉)စုံ ထောက်ပံ့ ပေးသည်။

 

ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်၊ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ ဟိုပုံးမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းဌေးတို့မှ ကျေးရွာများသို့ သွားရောက် ထောက်ပံ့ပေးကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)