နောင်တရား  ၁၈  ဧပြီ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် နောင်တရားမြို့ ငါးရက်တစ်စျေး စျေးကြီးရက်များကို ပိတ်ထားပြီး စားသုံးသူများ၊ စျေးရောင်းစျေးဝယ်များ အခက်အခဲ မဖြစ်ပေါ်စေရေး ယာယီစျေးကို နောင်တရား မြို့မစျေးသစ်ကြီး၌ ဖွင့်လှစ်မည်ဖြစ်သည်။

 

အဆိုပါစျေးသစ်ကြီး၌ ယာယီစျေးကို ငါးရက်တစ်စျေးဖြစ်သည့် စျေးနေ့ရက်တွင် ဖွင့်လှစ်မည်မဟုတ်ဘဲ စျေးကြားရက် ၄ ရက်ကိုသာ ယာယီစျေးအဖြစ် ဖွင့်လှစ်ရောင်းချခွင့်ပြုမည် ဖြစ်သည်။ စျေးဖွင့်ချိန်မှာ နံနက် ၆ နာရီမှ နေ့လယ် ၁၂ နာရီ အထိသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ညနေပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေး ပက်ဖျန်းခြင်း ဆောင်ရွက်မည်ဖြစ်သည်။

 

“စျေးသည်များအနေဖြင့် အကာအကွယ်များဖြစ်သည့် လက်အိတ်၊ နှာခေါင်းစည်းများ ဝတ်ဆင်ထားရမည်ဖြစ်ပြီး စျေးဝယ်သူများအနေဖြင့် နှာခေါင်းစည်းများ ဝတ်ဆင်၍ စျေးသို့ လာရောက်ဝယ်ယူခြင်းဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း” နောင်တရားမြို့ စည်ပင်သာယာရေးတာဝန်ခံ ဦးကျော်ဝင်းက ပြောသည်။

 

အဆိုပါစျေးသစ်ကြီးတွင် ယာယီစျေးအဖြစ် ဧပြီ ၁၉ ရက်မှ စတင်၍ နံနက် ၆ နာရီမှ ၁၂ နာရီအထ ိစျေးရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ 

 

ခွန်အောင်(နောင်တရား)