နောင်တရား  ၉ ဇူလိုင်

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ ကျေးလက်ကျန်းမာရေးဌာနနှင့် အမျိုးသမီး ရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအတွက် မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးခြင်းနှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်လာပါက ဥပဒေကြောင်းအရ အရေးယူနိုင်မည့် အခြေအနေများကို နောင်တရားမြို့ အမှတ်(၁)ရပ်ကွက် မီးလောင်ကုန်း မူလွန်ကျောင်း၌ ယနေ့နံနက်ပိုင်းက အသိပညာပေး ဆောင်ရွက်သည်။

 

ရှေးဦးစွာ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ နောင်တရားမြို့ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာအေးက အမျိုးသမီးအခွင့်အရေးများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း ဆောင်ရွက်လာပါက ဥပဒေကြောင်းအရ အရေးယူနိုင်မည့် အခြေအနေများကို အသိပညာပေးဟောပြောသည်။ ဆက်လက်၍ နောင်တရားမြို့ ကျေးလက် ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးနေမျိုးက အမျိုးသမီးများအတွက် မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းနှင့် အမျိုးသမီးများ၏ ကျန်းမာရေးခြေအနေများကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။

 

မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး အခမ်းအနားသို့ အမျိုးသမီး(၃၀) တက်ရောက် ဆွေးနွေးကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)