နောင်တရား၊ ၁၁ ဇွန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ကယားပြည်နယ်မှ ခေတ္တလာရောက်ခိုလှုံနေသည့် တိုက်ပွဲရှောင် ပြည်သူများ အတွက် ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ လူသုံးကုန်ပစ္စည်းနှင့် စာရေးကိရိယာများကို ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းကြောင်း သိရသည်။
တောင်ကြီးမြို့ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ အတွင်းရေးမှူး ခွန်ချစ်ဦးနှင့် အဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် နောင်တရားမြို့အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၂၃)သိန်းရှိသော တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းများ၊ အားကစားပစ္စည်းများ၊ အဝတ်အထည်များ၊ ခြုံစောင်များ၊ ပလတ်စတစ်ဖျာများ၊ ရေပုံးများနှင့် စာရေးကိရိယာများ စသည်တို့ကို လာရောက်လှူဒါန်းခဲ့သည်။
ကယားပြည်နယ်မှ တိုက်ပွဲရှောင်လာသည့် ခေတ္တခိုလှုံရန် ရောက်ရှိနေသော နောင်တရားမြို့အမှတ်(၁) ရပ်ကွက်တွင် (၁၃၈)ဦး၊ အမှတ်(၂)ရပ်ကွက်တွင်(၇၂)ဦး၊ အမှတ်(၃)ရပ်ကွက်တွင်(၁၆၃)ဦး စုစုပေါင်း (၃၇၃)ဦးရှိကြောင်း သိရသည်။
နောင်တရား


