နောင်တရား ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ အမှတ်(၃)ရပ်ကွက်၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက တိုးပွားလူနေအိမ်များအတွက် ၄၀၀ ဗို့ ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်လျက် ရှိသည်။
နောင်တရားမြို့ အမှတ်(၃)ရပ်ကွက်မှ ဓာတ်အားလိုင်းနှင့် ဝေးကွာသည့် နေအိမ်များနှင့် တိုးပွားလာမည့် လူနေအိမ်များအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရခွင့်ပြု ရန်ပုံငွေဖြင့် ၀ ဒသမ ၈ မိုင် ရှိသည့် ၄၀၀ ဗို့ ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုခဲ့ပြီး တည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရေး၊ ဗို့အားပြည့်ရရှိရေး၊ လျှပ်စစ် ဓာတ်အား ပျောက်ဆုံးယူနစ် မရှိစေရေးအတွက် နောင်တရားမြို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးခွန်အောင်ကြီးက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


