နောင်တရား မတ် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို ယနေ့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသားကျောင်းသူ (၁၆၀) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၁၅၈)ဦး၊ ဇီဝဗေဒ ဘာသာရပ်တွင် ဖြေဆိုရန်စာရင်းပေးထားသည့် ကျောင်းသား ကျောင်းသူ (၁၀၀)ဦးရှိပြီး စာမေးပွဲဝင်ရောက် ဖြေဆိုသူ (၉၈)ဦး စုစုပေါင်း ပျက်ကွက် (၄)ဦးရှိကြောင်း သိရသည်။
ကျောင်းသား ကျောင်းသူများ စာမေးပွဲကို အနှောက်အယှက်ကင်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့ပေါ် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)