နောင်တရား ၂ အောက်တိုဘာ
Covid-19 ရောဂါ ကူးစက်မှုမရှိစေရေး ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင်း၌ အပြင်သွားလျှင် နှာခေါင်းစည်း တပ်ဆင်အသုံးပြုစေရေး နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
အသိပညာပေးလုပ်ငန်းနှင့် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်နှင့် အိမ်သုံးကားများ သွားလာမှုများပြားသည့် နံနက်ပိုင်းတွင် နောင်တရားမြို့အဝင်၌ လည်းကောင်း၊ နေလယ်ပိုင်းတွင် မြို့တွင်း၌ အပြင်ထွက်သွားလာနေသည့် ဒေသခံပြည်သူများကို လည်းကောင်း အပြင်သွားလျှင် နှာခေါင်းစည်း တပ်ဆင်အသုံးပြု သွားလာစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား ဝယ်ယူအသုံးပြုစေခြင်းဖြင့် Covid-19 ရောဂါ ကူးစက်ခံရမှုမရှိစေရေးအတွက် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို နောင်တရားမြို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)