နောင်တရား ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့အနီးဝန်းကျင်၌ ဆောင်းသီးနှံအဖြစ် ရွှေပဲသီးစိုက်ပျိုးဖြစ်ထွန်းအောင်မြင့် လျက်ရှိသည်။
“နောင်တရားမှာ ဆောင်းတွင်းဆို ရွှေပဲသီးကလွဲပြီး စိုက်လို့မရဘူး။ နှင်းကျလို့ သေကုန်တယ်။ ရွှေပဲကတော့ နှင်းဒဏ်နည်းနည်းခံနိုင်တယ်။ ရွှေပဲသီးက စိုက်ပျိုးရေးစရိတ် သက်သာတယ်။ ပြီးတော့ မျိုးပြန်ယူပြီး မျိုးရောင်းရင်လည်း တစ်ဘူးကို တစ်ထောင်ရနေတော့ အရှုံးနည်းတဲ့ သီးနှံပေါ့” ဟု နောင်တရားမြို့ ရွှေပဲသီးစိုက်တောင်သူတစ်ဦးကပြောသည်။
ဆောင်းသီးနှံရွှေပဲသီးမှ ဖြစ်ထွန်းအောင်မြင်လျှက်ရှိပြီး နောင်တရားဒေအတွင်း ထွက်ရှိသည့် ရွှေပဲသီးနှင့် အခြားသီးနှံများကို အောင်ပန်းကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချ လျက်ရှိပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အောင်ပန်းမြို့ထင်းရှူးမြေပေ့မှ ရွှေပဲသီးတစ်ပိသာလျှင် ကျပ် ၃၀၀၀မှ ၄၀၀၀အထိ ဈေးရှိကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)