နောင်တရား၊     ၂၆   ဇန်နဝါရီ  

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ နောင်တရားမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online အစီအစဉ်ဖြင့်  ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆  ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွင် ပြည့်စုံရမည့် အရည်အချင်းများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မူမြစောက ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးချယ်ရေးဆိုင်ရာ အသိပညာပေး အချက်အလက်များကိုလည်းကောင်း  ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲကို Online မှ တစ်ဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် IPRD Naungtayar facebooK Page တွင် ထုတ်လွှင့်တင်ဆက်သွားမည်ဟု သိရသည်။

 

ခွန်အောင်(နောင်တရား)