နောင်တရား ဩဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားတိုက်နယ် ဆေးရုံနှင့် တီကျစ်တိုက်နယ်ဆေးရုံတို့တွင် အောက်ဆီဂျင်စက်များဝယ်ယူရန် အလှူရှင်များမှ အလှူငွေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ယနေ့ နံနက်ပိုင်းက တီကျစ်တိုက်နယ်ဆေးရုံတွင် အောက်ဆီဂျင်စက်ဝယ်ယူရန် အလှူရှင်မှ (ကွယ်လွန်သူ ခွန်ရာဇာမင်းလွင်(ခ)ကိုမောင်မောင်)အား ရည်စူးပြီး အလှူငွေကျပ် သုံးသိန်းနှင့် အိုအေစစ် လူမှုကူညီရေးအသင်းအတွက် အလှူငွေကျပ် တစ်သိန်းကိုလည်းကောင်း၊ အလားတူ ယမန်နေ့က တီကျစ်(မြကန်သာ)နေ ကိုရဲမြင့်ထွန်း မိသားစုမှ ငွေကျပ် ၁၀ သိန်းနှင့် ဆည်ခေါင်းကျေးရွာနေ ကိုမြင့်ဇော်ကို +မစံပယ်ဦး မိသားစုမှ ငွေကျပ် ငါးသောင်းကိုလည်းကောင်း၊ နောင်တရားတိုက်ဆေးရုံအတွက် အောက်ဆီဂျင်စက် ဝယ်ယူရန် ဦးခွန်အောင်သိန်း+မနန်းမြ (စိုက်ပျိုးရေးဆေးနှင့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်) မိသားစုမှ အလှူငွေကျပ် နှစ်သိန်းကိုလည်းကောင်း သက်ဆိုင်ရာ တိုက်နယ်ဆေးရုံများသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နောင်တရား(ပြန်/ဆက်)


