ပန်ဆောင်  ၁၃    နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ နောင်ယန်းကျေးရွာအုပ်စု၊ နောင်ဆိုင် ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေကျပ်သိန်း ၁၈၀ ဖြင့် ဖောက်လုပ်သော ကျေးရွာချင်းဆက်လမ်းမှာ ရာနှုန်းပြည့်ပြီးစီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ ကျပ်သိန်း ၁၈၀ ဖြင့် ကူဝါတိုင်းယုံးကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၁ မိုင်၊ လမ်းအကျယ် ၁၂ ပေ၊ ဂျင်းကျောက်ထု ၆ လက်မ အပြင် လမ်းပုခုံးမြေသားဖို့ခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများပါဝင်ပြီး လမ်းပုံစံအတိုင်း စနစ်တကျ ဖောက်လုပ်ထားကြောင်း ကုမ္ပဏီတာဝန်ခံ ဉီးမား(လ်)မတ်ဝမ်းစိန် ထံမှ သိရသည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်းမှာ နောင်ယန်းကျေးရွာနှင့် နောင်ဆိုင်ကျေးရွာကို ဆက်သွယ်ထားသော ကျေးရွာ ချင်းဆက် ဂျင်းကျောက်လမ်းအမျိုးအစားဖြစ်ပြီး ယခုအခါ လမ်းဖောက်လုပ်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာသူ/သား များ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့အပြင် ယင်းကျေးလက်ဒေသရှိ တောင်သူများ၏ လယ်ဧက ၂၀ဝ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ လယ်များမှထွက်ရှိသော လယ်ယာထွက်ကုန်ပစ္စည်းများကိုယ်လည်း ကုန်ကျစရိတ် သက်သာစွာ နီးစပ်မြို့ရွာများသို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း နောင်ယန်းကျေးရွာအုပ်ချုပ် ရေးမှူး ဉီးထိုက်ရှမ်းထံမှ သိရသည်။          

 

ရွှေမိုး-ဂျာယော်(ပြန်ဆက်)