နေအိမ်အတွင်းနေရန် ကန့်သတ်ချုပ်ချယ်မှုတွေကို အဆုံးသတ်ပေးဖို့တောင်းဆိုနေသည့် ကယ်လီဖိုးနီးယား

mdn

ထွန်းသစ်စ - ရေးသားသည်

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ မြို့အတော်များများမှာရှိတဲ့ ဆန္ဒဖော်ထုတ်သူတွေဟာ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို တားဆီးဖို့ထားရှိတဲ့ကန့်သတ်ထိန်းချုပ်မှုတွေကို လျှော့ချဖို့ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့သလို မြို့တော်ဝန် ဂါဗင်နယူးဆမ်းရဲ့ ကမ်းခြေတချို့ပိတ်ဆို့ဖို့ ဆုံးဖြတ်ချက်ကိုလည်း လူသိရှင်ကြား ရှုတ်ချလိုက်ပါတယ်။

 

ကန့်သတ်မှုအပေါ် မကျေမနပ်ဖြစ်

 

ဆန္ဒဖော်ထုတ်သူတွေဟာ ကယ်လီဖိုးနီး ယားပြည်နယ်ရဲ့ အနည်းဆုံးမြို့ ၁၁ မြို့မှာ ဆန္ဒ ဖော်ထုတ်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမြို့တွေထဲမှာ မြို့တော်ဆာခရာမန်တိုလည်း ပါဝင်သလို ဆန်ဖရန်စစ္စကို၊ လော့စ်အိန် ဂျလိစ်နဲ့ ဆန်ဒီယာဂိုမြို့တွေလည်း ပါဝင်ပါတယ်။

 

ဆန္ဒဖော်ထုတ်သူအများစုဟာ ကယ်လီဖိုးနီးယားကို ဖွင့်ပေး၊ လွတ်လပ်ခွင့်ပေးဆိုတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်သလို ခေါင်းလောင်း တွေတီး၊ နှာခေါင်းစည်းတပ်ဆင်ထားခြင်း လည်း မရှိ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ရမယ့် ညွှန်ကြားချက်တွေလည်း လိုက်နာခြင်းမရှိဘဲ ဖြစ်သလို ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

ဆန္ဒဖော်ထုတ်သူတချို့ဟာလည်း အမေရိ ကန်အလံတွေဝှေ့ယမ်းပြီး လွတ်လပ်ခြင်းဟာ မရှိမဖြစ်အရေးပါတယ်လို့ ကြွေးကြော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်သူတွေဟာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနှေးကွေးအောင် အိမ်မှာ နေထိုင်ရမယ်ဆိုတဲ့ အသွားအလာ ကန့်သတ်ထားရှိမှုအပေါ် မကျေမနပ်တွေ ဖြစ်နေကြပါတယ်။

 

ခွင့်ပြုပေးဖို့လိုနေပြီ

 

လော့စ်အိန်ဂျလိစ်တောင်ပိုင်း ၃၅ မိုင် အကွာ (၅၅ ကီလိုမီတာ)မှာရှိတဲ့ ဟန်တင်တန် ကမ်းခြေမှာရှိတဲ့ လူထောင်ပေါင်းများစွာဟာ ဒေသတွင်း ကမ်းခြေတွေကို သောကြာနေ့မှာ စတင်ပိတ်မယ်ဆိုတဲ့ မြို့တော်ဝန် နယူးဆမ်းရဲ့ အမိန့်ကို လူသိရှင်ကြား ရှုတ်ချခဲ့ပါတယ်။

 

ဒီလိုမျိုး ကမ်းခြေကို ပိတ်လိုက်တာက ကုလားအုတ်ကို ခါးကျိုးစေတဲ့ နောက်ဆုံး ကောက်ရိုးတစ်မျှင်ပါပဲလို့ ဆန္ဒဖော်ထုတ်သူ မိုနီကာဘဲလ်ဟာ့တ်က ပြောလိုက်ပါတယ်။

 

ဒီလိုမျိုး ကမ်းခြေတွေကို ပိတ်လိုက်တဲ့ ကိစ္စဟာ မဆီမဆိုင်ကိစ္စဖြစ်သလို မလိုအပ်တဲ့ ကိစ္စလည်းဖြစ်ကြောင်း၊ ဒါကြောင့် အခုလို ဆန္ဒ ထုတ်ဖော်ပြီး သူတို့သိအောင်လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း မိုနီကာဘဲလ်က ပြောလိုက်ပါ တယ်။ အခုလိုမျိုးကမ်းခြေတွေကို ပိတ်လိုက်တဲ့ ကိစ္စဟာ တော်သင့်ပြီလို့ သူက ဆက်ပြော လိုက်ပါတယ်။ မိမိတို့အလုပ်လုပ်ဖို့ အချိန်ကျ ရောက်ပြီဖြစ်ကြောင်း မြို့တော်ဝန်အနေနဲ့ လုပ်ငန်းခွင်ကို ကျန်းကျန်းမာမာနဲ့ ပြန်လည် လုပ်ဆောင်နိုင်အောင် ခွင့်ပြုဖို့လိုပြီဖြစ်ကြောင်း သူက ထပ်မံပြောကြားလိုက်ပါတယ်။

 

အနီးအနားဝန်းကျင်မြို့လေးတွေနဲ့ ဟန် တင်တန်ကမ်းခြေရှိ အရာရှိတွေက ကမ်းခြေ ပိတ်လိုက်တဲ့ကိစ္စကို တရားစွဲဖို့တောင် လုပ်ဆောင်နေကြပါတယ်။

 

မူလရပ်တည်ချက်ကို ဆန့်ကျင်

 

မြို့တော်ဝန်ရဲ့ အမိန့်ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘဲ ဆန့်ကျင်နေတယ်၊ ရေရရာတိကျမှု မရှိဘဲဖြစ်နေတယ်၊ ဒွိဟဖြစ်နေတယ်ဆိုတာ  မိမိတို့ယုံကြည်တယ်လို့ ဟန်တင်တန်ကမ်းခြေမြို့ ရှေ့နေမိုက်ကယ်ဂိတ်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့မှာ ဆင်ခြင်ဆုံးဖြတ် နိုင်တဲ့ အကြောင်းရင်းမရှိသေးဘူးလို့လည်း သူကပြောပါတယ်။ သူရှာဖွေနေတာက ဒါကို ဘယ်လိုကုစားရမလဲဆိုတာပဲ ဖြစ်ပါတယ်လို့ ပြောပါတယ်။

 

လော့စ်အိန်ဂျလိစ်မြို့ထဲမှာတော့ ပြည်သူတွေကြားတင်းမာမှုတွေ ဖြစ်ပေါ်လာပြီး လူရာချီ ပါဝင်တဲ့လူအုပ်ကြီးဟာ မြို့တော်ခန်းမ ရှေ့ကို သွားရောက်ကာ အိမ်မှာနေထိုင်ရမယ့် အမိန့်ကို အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ကြ ပါတယ်။ ဒါ့အပြင် လူသဆန်မှုဟာ ပထမဦးစားပေး ကိစ္စဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ဆိုတာ တုပ်ကွေး လောက် စိုးရိမ်ဖွယ်ရာမကောင်းကြောင်း ဂျေးနက်ဂစ်ဆန်က ပြောပါတယ်။

 

ဖျားနာသူတွေဟာ သီးသန့်ခွဲခြား နေထိုင်ဖို့လိုကြောင်း၊ သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့ လိုကြောင်း သူက ဆက်ပြောပါတယ်။ ပြီးတော့လည်းကျန်းမာစွာအလုပ်လုပ်ဖို့၊ အပြင်ထွက်ဖို့နဲ့ လူမှုဆက်ဆံမှုတွေ လုပ်ဖို့လိုတယ်လို့ သူကပြောပါတယ်။

 

တခြား ဆန္ဒဖော်ထုတ်သူတစ်ဦးဖြစ်သူ အလီတေလာက အသွားအလာကန့်သတ်မှုဟာ အမေရိကန် ပြည်ထောင်စုရဲ့ မူလရပ်တည်ချက် ကို ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

 

မိမိတို့ဟာ အမေရိကန်တွေဖြစ်တယ်

 

မိမိတို့ဟာ အမေရိကန်တွေဖြစ်တယ်။ မိမိတို့ဟာ လွတ်လပ်တယ်။ မိမိတို့ဟာ ကိုယ့်ကိုယ် ကိုယ်ဘယ်လို ဂရုစိုက်စောင့်ရှောက်ရမလဲဆို တာ သိတယ်လို့ သူက ပြောပါတယ်။ မိမိတို့တွေဟာ မိမိတို့ရဲ့ ကမ်းခြေတွေနဲ့ ပန်းခြံတွေကို ပြန်ဖွင့်ပေးဖို့ ဆန္ဒရှိတယ်။ မိမိတို့ဟာ လွတ်လပ် စွာ နေထိုင်ချင်တယ်။ နယူးဆမ်းက မိမိတို့ကို အိမ်ထဲမှာပဲ နေထိုင်စေချင်တယ်လို့ သူက ဆက်ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုရဲ့ တခြားမြို့ တော်ဝန်တွေလိုပဲ နယူးဆမ်းဟာ ကန့်သတ်မှု တွေကို ဖယ်ရှားပေးဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရ ပါတယ်။ အထူးသဖြင့် အခုလို အမေရိကန်ရဲ့ ရာသီဥတုပူပြင်းလာချိန်မှာ ပိုလို့တောင် ဖိအား တွေနဲ့ရင်ဆိုင်နေရပါသေးတယ်။ နယူးဆမ်းက လည်း ဖိအားတွေကို အလျှော့ပေးသွားမှာမဟုတ် ကြောင်းနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်သူ့ကျန်းမာရေးစိုးရိမ်မှုတွေကို မဖြစ်စေချင် ကြောင်း ပြောကြားလိုက်ပါတယ်။

 

ပြည်သူတွေကို အိမ်မှာနေထိုင်ဖို့၊ မှာကြား ချက်တွေကို ဆက်လက်လိုက်နာဖို့ တိုက်တွန်း ကြားလိုကြောင်း နယူးဆမ်းက ယမန်နေ့ ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါ တယ်။

 

ကာကွယ်ရမယ်

 

ပြီးတော့လည်း ပြည်သူတွေကို ဆန္ဒဖော် ထုတ်တဲ့အခါမှာနှာခေါင်းစည်းတွေ ဝတ်ဆင်ကြဖို့နဲ့ တစ်ဦးနဲ့တစ်ဦးကြား ခပ်ခွာခွာနေထိုင်ဖို့ အနူးအညွတ်မေတ္တာရပ်ခံထားပါတယ်။ ဒီရောဂါက သင်တို့တွေဆန္ဒပြနေတယ် ဆိုတာ သိမှာမဟုတ်ပါဘူး။ ဒီမိုကရက်ပဲဖြစ်ဖြစ်၊ ရီပတ်ဘလီကန်ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲကို ထောက်ခံသူပဲဖြစ်ဖြစ်၊ ထွက်ခွာသူကို ထောက်ခံသူပဲဖြစ်ဖြစ် အကုန်ကူးနိုင်တယ်လို့ သူက  ဆက်ပြောပါတယ်။

 

မိမိတို့ကိုယ် မိမိတို့ ကာကွယ်ရမှာဖြစ် ကြောင်း၊ မိမိတို့ရဲ့ မိသားစုကို ကာကွယ်ရမှာ ဖြစ်ကြောင်း၊ မိမိတို့ ကာကွယ်ပေးနေသူတွေကို ကာကွယ်ရမှာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ အခုအချိန် အထိ ကိုဗစ်-၁၉ အတည်ပြု ဖြစ်ပွားသူ အရေအတွက်ဟာ ၅၀ဝဝဝ ကျော်လာပြီဖြစ် သလို သေဆုံးသူလည်း ၂၁၀ဝ ကျော်လာပြီ ဖြစ်ပါတယ်။ သေဆုံးမှုနှုန်းဟာ လူဦးရေ သိပ်သည်းတဲ့ ပြည်နယ်မှာ ပိုမိုဆိုးရွားခဲ့ပါတယ်။

 

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကိုဗစ်- ၁၉ ကြောင့် သေဆုံးနှုန်းဟာ ၆၄၀ဝဝ ကျော်သွားပြီဖြစ်ပါတယ်။ ထို့အတူပဲ ကူးစက် ဖြစ်ပွားမှုနှုန်းဟာ ၁၁၃၁၄၉၂ ဦး ကျော်လွန်လာပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ကိုဗစ် ၁၉ ကူးစက်ခံရသူပေါင်းဟာ ၃၄၀၂၈၈၉ ဦးအထိ ရောက်ရှိလာပြီဖြစ်ပါတယ်။

 

ကိုးကား - အေအက်ဖ်ပီ