နေပြည်တော် ၁၁ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်မှ ဧပြီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက လာရောက်တိုင်တန်းချက်အရ မြိုင်သာကျေးရွာနေ ဒေါ်အေးမြင့် (၄၅)နှစ်နှင့် ခင်ပွန်းဖြစ်သူ ထွန်းဝင်းဆန်း (၃၇)နှစ်တို့သည် သင်္ဃန်းကျွန်းမြို့နယ်မှ မြိုင်သာယာကျေးရွာရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် ၎င်းတို့အား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီး နေအိမ်၌ Home Quarantine ပြုလုပ်ထားသော်လည်း လိုက်နာမှုမရှိဘဲ ကျေးရွာအတွင်း လှည့်လည်သွားလာနေ၍ ၎င်းတို့(၂)ဦးအား နွားထိုးကြီးမြို့မရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

အလားတူ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ပုတ်လုတ်တောင် အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဧပြီ ၉ ရက်ညပိုင်း၌ ဦးစိုးမြင့်ဦးပါဝင်သော ပူးပေါင်းအဖွဲ့သည် Facility Quarantine တာဝန်ဆောင်ရွက်နေစဉ် လောင်းချောင်းရပ်ကွက်နေ တင်ဝင်းဇော်(၂၄)နှစ် ဘေးတွဲဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အတားအဆီးပြုလုပ်ထားသည့် ဝါးလုံးတန်းအား ဝင်ရောက်တိုက်ခြင်း၊ တုတ်ကိုင်ဆောင်ကာ ရမ်းကားခြင်းများ ပြုလုပ်ခဲ့သောကြောင့် Facility Quarantine ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးစိုးမြင့်ဦးက တိုင်တန်းခဲ့သောကြောင့် တင်ဝင်းဇော်အား ရမ်းဗြဲမြို့မရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)()ဖြင့် အမှုဖွင့်အရေးယူထားကြောင်း  သတင်းရရှိသည်။

 

ရဲပြန်ကြား