လှိုင်းဘွဲ ၊ ၂၉ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် နွေစပါးစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစပါး တင်း ၂၄၀ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က သမ္ဘာန်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ၌ ဆောင်ရွက်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေနှင့် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းတို့က နွေးစပါးစိုက်ပျိုးသော တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရာတွင် လိုအပ်သည့် စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ စိုက်ပျိုးရန်၊ နွေစပါး စိုက်ပျိုးရန်အတွက် မျိုးစပါးထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဆည်ရေသောက် ဧရိယာအတွင်းရှိ ထီလုံ၊ သမ္ဘာန်၊ နောင်သငဲ့နှင့် သပုထိုကျေးရွာများမှ နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် မျိုးစပါးတင်းရေ ၂၄၀ ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


