ဝက်လက် ၁၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့တွင် ယနေ့နံနက် ၉ နာရီခွဲက ၂၀၁၈-၂၀၁၉ နွေစပါးနှင့် နွေအခြား သီးနှံများ စီမံကိန်းတာဝန်များ ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝက်လက်မြို့ မြို့နယ်စီမံခန့်ခွဲမှူးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းနားတွင် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်က စီမံကိန်းဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ ရောဂါပိုးကင်းစင်ရေး အသိပညာပေး ဟောပြောပြီးနောက် မြို့နယ်ဆည်မြောင်း ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်နိုင်မှ သဖန်းဆိပ်ဆည် ရေပေးဝေမည့်အစီစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စီမံကိန်းတာဝန်များကို မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် စီမံခန့်ခွဲမှု ကော်မတီဝင်များက စီမံကိန်းတာဝန်များကို အသီသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုးစိုးလှိုင်