မောက်မယ်  ၂  အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)  လင်းခေးခရိုင်  မောက်မယ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြေအကျယ် ၅ ဧကရှိသောခြံ၌ ဘက်စုံအဆင့်မြင့် နည်းပညာဖြင့် စိုက်ပျိုးမည့် မျိုးသန့်ပွား၊ မျိုးစေ့ထုတ် နေကြာနှင့် ပဲတီစိမ်းသီးနှံ (ရေဆင်း−၁၁) သီးညှပ်စံပြစိုက်ကွက် စိုက်ပျိုးခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဦးသက်နိုင်က ဦးဆောင်၍ ဝန်ထမ်းများမှ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

သီးနှံဖြစ်ထွန်း အောင်မြင်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် မျိုးသန့်ပွား မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီး တစ်မြို့နယ်လုံး စံပြစိုက်ခင်းအနေဖြင့် ပဲတီစိမ်းသီးနှံ အထွက်တိုးမျိုး (ရေဆင်း−၁၁)ကို မြေဧက ၄၀ တွင် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဦးသက်နိုင်၏ ပြောကြားချက်အရ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)