နေခြည်ဦးနဲ့ မေမြတ်နိုးတို့ Maybelline News York Myanmar အစီအစဉ်ဖြင့် ဂျပန်သို့ သွားရောက်မည်

ရန်ကုန်  ၂၂ ဇန်နဝါရီ  

Maybelline New York Myanmar မှ စီစဉ်မှုဖြင့် ဇန်နဝါရီ ၂၅ ရက် မှ ၂၇ ရက်အထိ ဂျပန်နိုင်ငံ ၊ တိုကျိုမြို့တွင် GigiHadid ဖြင့်တွေ့ဆုံပွဲကို မြန်မာနိုင်ငံမှ Beauty Blogger နေခြည်ဦး နှင့် အလှမယ် သရုပ်ဆောင် မေမြတ်နိုး တက်ရောက်မည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၃ နာရီက ရန်ကုန်မြို့ ၊ ပြည်လမ်းရှိ  Beauty Diary ၌ ကျင်းပသော အလှကုန်ပစ္စည်းသစ်  မြန်မာနိုင်ငံမှ တရားဝင်ရောင်းချမည် ဖြစ်ကြောင်း မိတ်ဆက်ပွဲမှ သိရသည်။ 

“ခြည်ခြည်တို့က GI GI အလှကုန်လေးက မြန်မာပြည်ကို တရားဝင်လည်းရောက်လာပြီ။ ခြည်ခြည်နဲ့ ညီမလေး မေမြတ်နိုးတို့က ဂျပန်နိုင်ငံ၊ တိုကျိုကိုသွားပြီးတော့ Maybelline ရဲ့ ပွဲကို တက်ရောက်ဖြစ်ပါမယ်။ အာရှတစ်ခုလုံးမှာ ဂျပန်တစ်ခုထဲမှာ ပြုလုပ်တဲ့ပွဲလည်း ဖြစ်ပါတယ်။ GI GI ကိုယ်တိုင်လည်း တက်ရောက်မယ့် ပွဲလေးဖြစ်သလို အာရှတစ်ခုလုံးမှာရှိတဲ့ နာမည်ကြီး စူပါမော် ဒယ်လ်တွေ၊ Beauty Blogger တွေ ၊ နိုင်ငံအသီးသီးကလည်း တက်ရောက်ကြမယ့် ပွဲဖြစ်ပါတယ်။ GI GI ကိုယ်တိုင် ဒီ Product ဘာကြောင့်ထုတ်တာလည်း ဆိုတာ အသေးစိတ် ရှင်းလင်းမှာဖြစ်တယ်။ အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်” ဟု Beauty Blogger နေခြည်ဦး က ပြောသည်။ 

အဆိုပါ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွင် Beauty Blogger နေခြည်ဦး ၊ အလှမယ် သရုပ်ဆောင် မေ မြတ်နိုး၊ အောင်လေး စသည့်တို့ ပါဝင်ကာ GI GI ၏ EAST COAST COLLECTION အလှပြင်ဆင်ထားသည့် အကြောင်းနှင့်စပ်လျဉ်း၍ အလှအပဆိုင်ရာ ချစ်မြတ်နိုးသူများကို ပြန်လည်ဝေမျှခဲ့သည်။ ဇန်နဝါရီ ၂၄ ရက် ၊ ညပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ သွားရောက်မည်ဖြစ်ပြီး Maybelline အလှကုန်ပစ္စည်းသစ် ပတ်သက်၍ အစီအစဉ်များကို Media 7 ဖြင့် ထုတ်လွှင့်ခြင်းအပြင် နေခြည်ဦး Page၊ မေမြတ်နိုး Page များတွင် လည်း တိုက်ရိုက် Live ထုတ်လွှင့်ရန် စီစဉ်ထားကြောင်း သိရသည်။ 

ကိုလင်း