နေပြည်တော်၊ ၆ ဇန်နဝါရီ

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်၊ တနင်္လာနေ့ နံနက် (၁၀) နာရီအချိန်တွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန်ဖြစ်သဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နှင့် (၂၄) ရက်များတွင် နေပြည်တော်သို့ ကြိုတင်ရောက်ရှိရမည်ဖြစ်သည်။

ထိုအစည်းအဝေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် အစည်းအဝေးဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် I - 19 (အိုင် - ၁၉) သို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်ထက်မစော (၃၁)ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်