ဒက္ခိဏသီရိ  ၁၅ မေ

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်  ဒိုးနွယ်ကျေးရွာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း  ယနေ့ နံနက် ၂ နာရီ ၃၅ မိနစ်တွင် မီးသတင်းရရှိသဖြင့် နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ Level 2 ယာဉ်အုပ်စုဖြင့် ငြိမ်းသတ်ခဲ့ကြောင်း နေပြည်တော် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

 

မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် လောင်ကျွမ်းခဲ့သည့် အဆိုပါ မီးလောင်မှုကြောင့် အိမ်ခြေ ၁၅ လုံး၊ ဆိုင်ကယ် ၃ စီး၊ ဂွန်ဒေါင်း၁စီး၊ စပါးတင်း ၁၀ဝ မီးလောင်ဆုံးရှုံးခဲ့ပြီး နံနက် ၃ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

MDN

Photo Crd .နေပြည်တော်မီးသတ်ဦးစီးမှူးရုံး