နေပြည်တော်   ဇွန်    ၂၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ သောက်သုံးရေ အရင်းအမြစ်များအား စစ်ဆေးပေးနိုင်စေရန် ရည်ရွယ်၍ ရေအရည်အသွေး စမ်းသပ်စစ်ဆေးနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဒေါ်ဟွာလ်ဇိက်က ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေးတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးမှာ အဓိကကြသော အချက်တစ်ခုအနေဖြင့်ပါဝင်ပါသောကြောင့် ကျေးရွာများတွင် အသုံးပြုနေသော ရေအရင်းအမြစ် များ၏ ရေအရည်အသွေးအခြေအနေများအား စမ်းသပ်စစ်ဆေးပေးနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သင်တန်းအဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားပါသည်။

 

ဆက်လက်၍ သင်တန်းတွင် သင်ကြားပို့ချပေးမည့် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ဟေမာဇော်(ဦးစီးအရာရှိ)က သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

 

အဆိုပါ သင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် (၁၄)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုကျော်