နေပြည်တော်၊ ဇန်နဝါရီ ၁

 

နေပြည်တော်၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အရှေ့ဘက်အာရုံခံ တန်ဆောင်း၌ ယနေ့အလှည့်ကျဝတ်ရွတ်အသင်းဖြစ်သည့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဝတ်ရွတ် အသင်းက ဥပ္ပါတသန္တိပါဠိတော် ကျမ်းမြတ်ရွတ်ဖတ် ပူဇော်နေမှုကို ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဉီးတင်ဉီးလွင်နှင့်အဖွဲ့ လာရောက် ကြည်ညိုကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ြမတ်ကြီအား ဖူးမြော်ကြည်ညို၍ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်နေမှုကိုလှည့်လည် ကြည့်ရှုကြသည်။

 

ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ်ကို နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၊ မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အရှေ့ဘက်အာရုံခံ တန်ဆောင်း၌ ဇန်နဝါရီ ၁ ရက်မှစ၍ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ ဝတ်ရွတ်အသင်းများ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ် ၈ မြို့နယ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တို့မှ ဝတ်ရွတ်အသင်းများ က နေ့စဉ်အလှည့်ကျ ရွတ်ဖတ်ပူ ဇော်သွားမည်ဖြစ်သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မဟာဗောဓိမြိုင်ကျောင်းတိုက်၌ ကျင်းပသည့် ဥပ္ပါတသန္တိပါဠိရွတ်ဖတ် ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မဟာဗောဓိမြိုင်ကျောင်းတိုက်၊ ပဓာန နာယက ဘဒ္ဒန္တကေလာသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီး များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်ထောင်စု ဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တက်ရောက်လာကြသူများက မဟာဗောဓိမြိုင် ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တကေလာသထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ယင်းနောက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မဟာဗောဓိမြိုင်ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တကေလာသထံမှ ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ မဟာဗောဓိမြိုင် ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော မဟာ‌ဗောဓိမြိုင်အောင်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညို၍ အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။

 

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မဟာဗောဓိမြိုင်ကျောင်းတိုက်တွင် ကျင်းပသည့် ဥပ္ပါတသန္တိပါဠိရွတ်ဖတ်ပူဇော်ပွဲကို သံဃာတော်အရှင်သူမြတ် ၁၂ ပါးတို့က ဇန်နဝါရီ ၁ ရက်မှ ၅ ရက်အထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်