နေပြည်တော်   ၁၀    ဒီဇင်ဘာ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်ရှိ မြို့မဈေးကြီး မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်အရ၊ ဈေးဆိုင်ခန်းများအား မီးစွဲသုံးမှုစစ်ဆေးခြင်းအား ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။

 

09

 

ဈေးဆိုင်ခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအရ စစ်ဆေးရာတွင် ဆိုင်ခန်းများ အတွင်းအသုံးပြုလျှက်ရှိသော လျှပ်စစ်မီးကြိုးများအား စံချိန်မီ မီးကြိုးများအသုံးပြုရေး၊ မီးအသုံးပြု ချက်ပြုတ်ခြင်းမပြုရေး၊ မီးခလုတ်နှင့်မီးပလပ်များ ကောင်းမွန်နေစေရေး မိန်းခလုတ်အား လွယ်ကူသည့် နေရာတွင် ထားရှိစေရေး၊ ဆိုင်တစ်ဆိုင်တွင် မီးငြိမ်းသတ်ဆေးဗူးတစ်ဗူးထားရှိရေး များအား ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးအား အသုံးပြုတတ်စေရန် သင်ကြားပြသခဲ့ကာ  မြို့မဈေး အတွင်းရှိ မီးဘေးလုံခြုံရေးရေ ပိုက်ခေါင်းများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်း-မောင်ယဉ်ဦး(ဒလ)

ဓာတ်ပုံ- ခင်ဇော်(မင်္ဂလာ)