နေပြည်တော်၊ ၅ ဒီဇင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၏ ဦးဆောင်မှုဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်မှ အရာထမ်း၊ အမှုထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေးနှင့် သပြေကုန်းဈေးတို့တွင် ဈေးရောင်းသူ၊ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား Mask အခု (၃၀၀၀) တို့ကို အခမဲ့ဖြန့်ဝေ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သရုပ်ပြကပြ ဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ပေးထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများကို အသိပေးလှုံ့ဆော်ကြေညာခြင်းများကို ဒီဇင်ဘာ ၅ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၄၆၄) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၈၂) ဦး၊ သေဆုံးသူ (၅) ဦးရှိကြောင်း နေပြည်တော်ကောင်စီ ထုတ်ပြန်ချက်အရ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)


