နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၁၆ ဧပြီ

 

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မဟာသင်္ကြန်ပွဲတော်၊ နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် အဆိုပါ ရေကစား မဏ္ဍပ်၌ ကျင်းပသည်။

 

1

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊  နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် သင်္ကြန်ချစ်သူများ တက်ရောက်ကြသည်။

 

1

 

ရှေးဦးစွာ နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် ကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအကအဖွဲ့များက မဏ္ဍပ်ရှေ့မျက်နှာစာတွင် နေရာယူကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ပိတ်သိမ်းကြောင်း ကြေညာကာ ဝန်ကြီးဌာနများမှ ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခို တေးသီချင်းဖြင့် စုပေါင်းကပြ ဖျော်ဖြေ၍ အခမ်းအနားကို ပိတ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)

 

1