နေပြည်တော်-မန္တလေးလမ်းတွင် ဘုရားဖူးယာဉ်တိမ်းမှောက်ရာ ကိုရင်ခြောက်ပါး ဒဏ်ရာရ

နေပြည်တော် ၁၉ ဧပြီ

 

နေပြည်တော်-မန္တလေးလမ်း မိုင်တိုင်အမှတ် ၂၆၇/၆ အနီးတွင် ယနေ့နံနက် ၆ နာရီက ယာဉ်မောင်း ကိုဆန်းအောင် မောင်းနှင်လာသည့် ယာဉ်သည် မြေသားလမ်းပေါ်တွင် ကာရံထားသော သံဆန်ခါတန်းကို ဝင်တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

 

သံဖြူဇရပ်မှ မန္တလေးသို့ ဦးဇင်း (၁)ပါး၊ ကိုရင် (၈)ပါးအား တင်ဆောင်၍ မောင်းနှင်လာသော ဘုရားဖူးယာဉ်မှာ  ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီး၏ညာဘက် မြေသားလမ်းပေါ်ရှိ သံဇကာတန်းအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ရာ ယာဉ်မောင်းနှင့် ကိုရင် (၆)ပါး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ပေပင်လေး စခန်းမှတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်လျက်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

MDN

 

5739315