နေပြည်တော် ဧပြီ ၂၃

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများ၊ ရုံးများနှင့် ဈေးများ၌ ကြက်ဥတစ်လုံးလျှင် ၃၅၀ ကျပ်၊ ကြက်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက် ရှိရာ ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်မှ ယနေ့အထိ ကြက်ဥအလုံးရေ(၁၆၃၆၅)လုံးနှင့် ကြက်သား (၆၇ ဒသမ ၁၀) ပိဿာ ရောင်းချနိုင်ခဲ့ပြီး အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

 

ထို့ပြင် မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မန္တလေးမြို့ မန်းမြို့ညဈေးဝန်း၌ ယနေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ကြက်ဥတစ်လုံးလျှင် ၃၅၀ကျပ်နှုန်းဖြင့် အလုံး (၃၇၀၀)၊ ကြက်သားတစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ(၁၆၀)၊ ဆိတ်သား တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် (၁၀)ပိဿာနှင့် အမဲသားတစ် ပိဿာလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် (၁၀)ပိဿာ ရောင်းချပေးနိုင်ခဲ့သည်။

 

ထိုအတူ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် လည်း ရောင်းချ ပေးနိုင်ခဲ့ကြောင်းနှင့် တစ်ပတ်လျှင်တစ်ရက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)