mdn

နေပြည်တော် ၁၃ ဇွန်

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်နယ်မြေအတွင်းရှိရပ်ကွက်ရှိ ညဈေးတန်းများအား ပြန်လည်ဖွင့်လှစ် ဈေးရောင်းချခွင့် ပြုခဲ့သည့်အတွက် ဈေးရောင်း ဈေးဝယ် ပြည်သူများ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

 

 ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ညဈေးတန်းများအား ကမ္ဘာ့ကူးဆက် မြန်ရောဂါ(COVID-19) ဖြစ်ပွားသည့်ကာလ ၂၀၂၀ ခုနှစ် သုံးလပိုင်းမှ စတင်ကာ COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်စေရေးအတွက် ဈေးရောင်းချခွင့်အား ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၉ ရက်တွင် ညဈေးတန်းများအား ပြန်လည်ဈေးရောင်းချခွင့် ပြုခဲ့​ပြီး နေ့လည် ၁ နာရီမှ ည ၈ နာရီအထိ ရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။

 

 ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနယ်မြေအတွင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနလက်အောက်ရှိ ဈေးများအား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ဈေးရောင်းချခွင့်ပြုထားပြီး ဈေးများရှိ ပျံကျဈေးသည်များအား နေ့လည် ၁၂ နာရီအထိသာ ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနယ်မြေတွင်း ညဈေး(၅)ဈေး ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး ပြန်လည်ရောင်းချခွင့်ပြုလိုက်သည့်အတွက် ဈေးရောင်းချသူများနှင့် လာရောက်ဈေးဝယ်ကြသူများ အဆင်ပြေလျှက်ရှိပြီး အေးချမ်းစွာပင် ရောင်းဝယ်နေကြလျှက်ရှိကြောင်းလည်း သိရသည်။

 

"ဈေးက ပိတ်လိုက်တာ တစ်နှစ်နီးပါးလေ၊ညဈေးစဖွင့်ကတဲက ရောင်းလာတာ၊ပိတ်လိုက်တော့ မိသားစု စားဝတ်နေရေး အတော်ဒုက္ခရောက်ခဲ့တယ်၊ဘယ်နေ့ပြန်ဖွင့်မလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော် နေကြတဲ့ ညဈေးထွက် ဈေးသည်တွေ အများကြီးလေ၊ခုလို ညဈေး တန်းပြန်လည်ဖွင့်လှစ်ရောင်းချ ခွင့်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်၊ ဈေးသည်အားလုံးကလည်းပျော်ကြတာပေါ့"ဟု ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် မြို့မဈေး ညဈေးတန်းတွင် အသုပ်စုံရောင်းချသူတစ်ဦးက ပြောသည်။

 

ပြန်လည်ဈေးရောင်းချခွင့်ပြုခဲ့သည့် ညဈေးတန်းများအား ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွန် ချက်များနှင့် ဈေးရောင်းချစေခဲ့ပြီး သက်ဆိုင်ရာ ဈေးများ၏ အုပ်ချုပ်ရေးရုံးမှ စည်ပင်ဝန်ထမ်းများ ကလည်း အခါမလပ် mask နှင့် face shelid များ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ညွန်ကြားချက်များအား လိုက်နာရန် ဈေးအတွင်းလိုက်လံ ဆော်သြမှုများ ပြုလုပ်ပေးကြောင်း သိရသည်။

 

 " နေပြည်တော်ကောင်စီနယ်မြေအတွင်းက ဈေးတွေကတော့ ပုံမှန်ပါပဲ၊ရောင်းဝယ်နေကြတာ၊ကိုဗစ်-၁၉ လမ်းညွန်ချက်တွေနဲ့အညီပေါ့၊ပြန်လည်ဈေးရောင်းချခွင့်ပြုလိုက်တာက ခေတ္တယာယီပိတ်ထားတဲ့ ညဈေး{၅)ဈေးပါပဲ။ညဈေးတန်းတွေမှာ ဆိုင်ခန်းပေါင်းက ၃၀၀ ကျော်တယ်၊ပုပ္ဗသီရိညဈေးကတော့ ဈေးဆိုင်ခန်း ၃၈၀ လောက်ရှိတယ်"ဟု သပြေကုန်းဈေးတာဝန်ခံ ကပြောသည်။

 

ဖွင့်လှစ်ဈေးရောင်းချသည့် ညဈေးတန်းများတွင် အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ အမဲ၊ကြက်သား၊ ဘဲသား၊ဝက်သား၊ ကြက်ဥ၊ ဘဲဥ၊ အသီးအနှံ၊ အဝတ်အထည်နှင့် စားဖွယ်မျိုးစုံတို့အား ရောင်းချလျှက်ရှိ​ကြောင်းသိရပြီး တည်ငြိမ်အေးချမ်းစွာ ရောင်းဝယ်ဖောက်ကားလျှက်ရှိကြောင်း သိရသည်။

 

သတင်း-မောင်ယဥ်ဦး

ဓါတ်ပုံ-လှိုင်ဇော်ဇော်