နေပြည်တော် နိုဝင်ဘာ ၁၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ နေပြည်တော်၊ ပြည်နယ် နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၅ ဒသမ ၃၀၉၄)တန်၊ သစ်မာ (၈ ဒသမ ၄၄၃၀)တန်၊ အခြား (၁၁၃ ဒသမ ၆၆၂၄)တန်၊ စုစုပေါင်း (၁၅၇ ဒသမ ၄၁၄၈) တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၃)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်