နေပြည်တော် နိုဝင်ဘာ ၁၉

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ နေပြည်တော်၊  ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်း များအရ တရားမဝင် ကျွန်း (၃ ဒသမ ၆၀၂၀)တန်၊ သစ်မာ (၁ ဒသမ ၆၃၉၀)တန်၊ အခြား (၁၇၄ ဒသမ ၅၇၃၂)တန်၊ စုစုပေါင်း (၁၇၉ ဒသမ၈၁၄၂) တန်၊ ယာဉ်/ယန္တရား(၄)စီး၊ တရားခံ(၁၃)ဦး ဖမ်းဆီးရမိခဲ့ ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

(သတင်းစဉ်)