နေပြည်တော် ဩဂုတ် ၂၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ  ဩဂုတ် ၂၁ ရက်မှ ၂၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄ ဒသမ ၅၁၄၈)တန်၊ သစ်မာ (၃၀.၃၄၇၆)တန်၊ အခြား (၇၄.၁၃၅၇)တန် စုစုပေါင်း (၁၄၈ ဒသမ ၉၉၈၁) တန်၊ ယာဉ်နှင့် ယန္တရား (၁၂)စီး၊ တရားခံ (၂၅)ဦး ဖမ်းဆီးရမိခဲ့သည်။

သတင်းစဉ်