နေပြည်တော် အောက်တိုဘာ ၂၃

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၄ ဒသမ ၈၅၈၈)တန်၊ သစ်မာ (၄ ဒသမ ၆၆၀၀)တန်၊ အခြား (၅၁ ဒသမ ၈၉၂၈)တန် စုစုပေါင်း (၉၁ ဒသမ ၄၁၁၆)တန်၊ ယာဉ်/ ယန္တရား (၁)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်