နေပြည်တော် ဇန်နဝါရီ ၁၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၅ ဒသမ ၁၆၅၂) တန်၊ သစ်မာ (၄ ဒသမ ၀၉၃၄) တန်၊ အခြား (၄၃.၀၈၀၀) တန်၊ စုစုပေါင်း (၆၂ ဒသမ ၃၃၈၆) တန်၊ ယာဉ်/ ယန္တရား (၁၀) စီး ၊ တရားခံ (၂၅) ဦး ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံသစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်