နေပြည်တော် ဇန်နဝါရီ ၂၂

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၇ ဒသမ ၃၄၅၀)တန်၊ သစ်မာ (၁၀ ဒသမ ၃၉၄၄)တန်၊ အခြား (၂၂၂ ဒသမ ၄၈၂၀)တန်၊ စုစုပေါင်း (၂၅၀ ဒသမ ၂၂၁၄) တန်၊ ယာဉ်/ ယန္တရား (၅)စီး၊ တရားခံ (၂၆)ဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်တောဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်