နေပြည်တော် ဖေဖော်ဝါရီ ၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၆၄ ဒသမ ၀၇၈၇ တန်၊ သစ်မာ ၁၂ ဒသမ ၅၇၈၄ တန်၊ အခြား ၅၁ ဒသမ ၁၈၅၈ တန် စုစုပေါင်း ၁၂၇ ဒသမ ၈၄၂၉ တန်၊ ယာဉ်/ ယန္တရား ရှစ်စီး၊ တရားခံ ၂၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်